ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက် မဲရုံအမှတ်(၁)နှင့် မင်္ဂလာရပ်ကွက် မဲရုံအမှတ်(၁)တို့တွင် ယနေ့ ညနေ ၄ နာရီအချိန်တွင် မဲရုံပိတ်သိမ်းကြောင်း မဲရုံတာဝန်ရှိသူများက ကြေညာခဲ့သည်။

ထန်တလန်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီမှစ၍ စတင်ကျင်းပရာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဲရုံများတွင် ပြည်သူများ မဲပေးနေမှုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကြည့်ရှု

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ အတ္တရံရပ်ကွက် မဲရုံအားယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးတိုးလွင်နှင့်ခရိုင်မှ တာဝန်ရှိသူများလာရောက်၍ပြည်သူများဆန္ဒမဲ ပေးနေမှုကို ကြည်ရှုခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒေသခံပြည်သူ မဲဆန္ဒရှင်များ စနစ်ကျစွာ ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပကာ ဖလမ်းမြို့ပေါ် ရပ်ကွက်(၈)ခုတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံ ဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ ကျင်းပ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

နောင်မွန်မြို့နယ်၌ မဲရုံများတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လာရောက်ဆန္ဒမဲပေး

ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ(၈)ရက်က ကျင်းပလျက်ရှိရာ ပူတာအိုခရိုင် နောင်မွန်မြို့နယ်အတွင်း မဲဆန္ဒရှင်များသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲဆန္ဒရုံသို့ လာရောက်၍အေးချမ်းစွာဆန္ဒမဲများကို ပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ယနေ့နံနက်(၆)နာရီမှ စတင်၍ ကျင်းပရာ ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာဖြင့် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည်။

ဇလွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒရှင်ပြည်သူ များမှမဲရုံများသို့လာရောက်၍ ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်၂ဝ၂ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုဇလွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများမှ လာရောက်မဲပေးနိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်းရှိ မဲရုံများအား တစ်ချိန်တည်း စတင်ဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး ပြဿာနာ တစ်စုံတစ်ရာမရှိဘဲ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲများ ပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှစ၍ စတင်ကျင်းပကာ ဖလမ်းမြို့ရှိ မဲရုံများ၌ ပြဿာနာတစ်စုံတစ်ရာမရှိဘဲ မဲဆန္ဒရှင်ပြည် သူများက အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီအချိန်မှ စ၍ မဲဆန္ဒရှင်ပြည်သူ များက သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက် ရှိသည်။
Subscribe to