ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲ​ပေးသည့်မဲရုံများ ပိတ်သိမ်း​ကြောင်း​ကြေညာခြင်းနှင့် ဆန္ဒမဲလက်မှတ်များ​ရေတွက်

ကြည့်မြင်တိုင်   နိုဝင်ဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ကြည့်မြင်တိုင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲ​ပေးသည့်မဲရုံများ ပိတ်သိမ်း​ကြောင်း​ကြေညာခြင်းကို ယ​နေ့ ည​နေ ၄ နာရီအချိန်က ကြေညာ​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယ​နေ့နံနက် ၆ နာရီအချိန်မှာ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ အေးချမ်း​ပျော်ရွှင်စွာ ဆန္ဒမဲ​ပေးခဲ့​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက်(၂၂)ရပ်ကွက်ရှိပြီး အသက်(၁၈)ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော  မဲဆန္ဒရှင်ပြည်သူပေါင်း(၈၈၁၈၀) ဦးအား အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း(၇၁)ရုံဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ပါသည်။

ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ညနေ(၄း၀၀)နာရီအချိန်တွင် ပိတ်သိမ်းပြီး မဲရုံမှူးများမှ ဆန္ဒမဲလက်မှတ်များကို ကြေညာ​ရေတွက်​ပေးလျက်ရှိ​ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲကြီးတွင် ကြည့်မြင်တိုင်မြို့နယ်မှ မဲဆန္ဒနယ်အမှတ်(၁၂) မှ အမျိုးသားလွှတ်​တော် ကိုယ်စားလှယ်​လောင်း (၅) ဦး၊ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ အမှတ်(၁)တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ အမှတ်(၂)တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ ကရင်တိုင်းရင်းသားလွှတ်​တော်ကိုယ်စားလှယ်​လောင်း (၆)ဦး၊ ရခိုင်တိုင်းရင်းသားလွှတ်​တော်ကိုယ်စားလှယ်​လောင်း (၅)ဦး တို့ ပါဝင်ယှဥ်ပြိုင်ခဲ့​ကြောင်း သိရသည်။

 ခိုင်ဇာလင်း(ပြန်/ဆက်)