ပဲခူး နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ (၈)ရက်နေ့ နံနက်(၆) နာရီမှစတင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့်ကျင်းပပြုလုပ်လျှက်ရှိသည်။
ပဲခူးမြို့နယ်တွင်ကျေးရွာအုပ်စု (၁၀၆) အုပ်စုရှိပြီး မဲရုံပေါင်း(၂၀၆) ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း (၄၁၂၆၃၁) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှသိရသည်။
၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီစနစ်ကျစွာဖြင့် ယနေ့ညနေ(၄း၀၀)နာရီအချိန် တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့်အတွက် ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပြုထထားသော ဆန္ဒမဲလက်မှတ် များအား ပွင့်လင်းစွာရေတွက်လျှက်ရှိကြောင်းသိရသည်။
ဟိန်းထက်(ပဲခူး)