ညောင်လေးပင် နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ၊အထွေထွေရွေးကောက်ပွဲကိုမြန်မာနိုင်ငံတစ်ဝှမ်းလုံးယနေ့နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပလျက် ရှိရာညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ညနေ(၄)နာရီအချိန်တွင် မဲရုံများပိတ်သိမ်း၍မဲရုံပရဝဏ်အတွင်း ကျန်ရှိနေသော ပြည်သူများကို ဆက်လက် ဆန္ဒမဲပေးစေခဲပြီးဆန္ဒမဲပေးမှုအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
မဲရုံပိတ်သိမ်းပြီးနောက် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိကြောင်း သိရပြီး ညောင်လေးပင်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၄၃၇၅ ဦး ရှိရာ ကြိုတင်မဲ၁၅၁၉၂ဦး နှင့် ယနေ့မဲလာပေးသူ၇၉၆၆၁ဦးရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)