ကာလိမြို့၌ မိုးစပါးစံကွက်အထွက်နှုန်းရရှိရေးအတွက် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာတွင် မိုးစပါးစံကွက်အထွက်နှုန်းရရှိရေးအတွက် စံကွက်ရိတ်သိမ်းခြင်းကို CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းအား ကာလိမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများတို့က ယနေ့နေ့လယ်(၁၁)နာရီအချိန်ခန့်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ဆုံဆို့နာကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက ဝိန်းနေရပ်ကွက်ရှိ ကံ့ကော်မြိုင် ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီကြသူများအား ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အလှူရှင်၊ စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ မြို့နယ်အတွက် ပါဝင်ကူညီနေကြသည့် စေတနာ့လုပ်အားရှင်များအား ယနေ့ နံနက်ပိုင်းက ပတ္တမြား(မိသားစု)မှ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။

ဖျာပုံခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် SPORTS မဂ္ဂဇင်းများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ SPORTS မဂ္ဂဇင်း(၁၉)အုပ် ကို ယမန်နေ့ မွန်းလွဲ ၁ နာရီကလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအား ကစားစရာအရုပ်များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင်ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအား ကစားစရာအရုပ်များပေးအပ်လှူဒါန်းခြင်းအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ် OSS ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၅) မကွေးတိုင်းဒေသကြီးက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍရေးနှစ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ပြုလုပ်ခဲ့ ကြ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များ ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် များကို Covid-19ရောဂါပိုး ရှိ/မရှိတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုံး၊ Test Kit ဖြင့်စစ် ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့ရှောင်လမ်းဂိတ်တွင် ဆောင်ရွက်ပေးခဲ့ ကြောင်း ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည် ။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် သောက်သုံးရေအဆင်ပြေစေရန် အလှူရှင်များ၏ လှူဒါန်း မှုဖြင့် တည်ဆောက်လျက်ရှိသော အုတ်ရေကန်များ ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် သောက်သုံးရေအဆင်ပြေရန် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်လျက်ရှိသော အုတ်ရေကန်များ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြစ်သား၌ အသက် ၁၀ နှစ်အောက်ကလေးသူငယ်များအား နို့အာဟာရတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် နွားနို့တိုက် ကျွေးခြင်းအစီအစဉ်အဖြစ် နို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့နယ်အတွင်းရှိ နေရှင်နယ် ပရဟိတဂေဟာနှင့် ပေတောပရဟိတဂေဟာများသို သွား​ရောက်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ကျီခါးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၁၉-၂၀၂၀ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုး ရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်းပြီး တောင်သူ ဦးလျန်ခန့်ခိုင်၊ ဦးထန်ဆွင်းငင့်နှင့် ဦးပေါင်လမ့်ကျင့်တို့၏ လယ်ဧက(၆)ဧကတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က စံကွက်ရိတ်သိမ်းခြင်း စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to