ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ငွေကျပ်သိန်း ၁၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းများ ကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာအိမ်ခြေ(၇၈)အိမ်၊ လူဉီးရေ (၃၅၀) ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာအကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဘားအံမြို့နယ်၏ ရွေးကောက်ပွဲမဲရလဒ်အဖြေများအား ထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ ဘားအံမြို့နယ်၏ မဲရလဒ်အဖြေများကို  ထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ (၁၂၀၉)ဦးအထိရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား Swab နမူနာစစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ဦးရေ (၁၂၀၉)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။

လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာ(၄)ဦး အား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒီးမော့ဆို မြို့နယ်၊ ရူးဖဲခူရပ်ကွက် မှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ

မြစ်သားမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ရုပ်ပြစာအုပ်မျိုးစုံ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်နေ အလှူရှင်ဦးတင်ကြိုင်+ ဒေါ်ခင်သိန်း (မိသားစု)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ကလေးရုပ်ပြစာအုပ်မျိုးစုံကို ယနေ့ နေ့လယ်(၁)နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင်  ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit စနစ်ဖြင့် ကိုဗစ်ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယနေ့အချိန်အထိ ပိုးတွေ့လူနာ(၅)ဦးရှိသွားပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းထိပ်တွင် အောက်တိုဘာလ(၁၁)ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်း ဝင်ရောက်ဖြတ် သန်းခဲ့သည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅)ဦး ရှိကြောင်း သိရှိရသည်။

နောင်မွန်မြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား စံကွက် ရိတ်သိမ်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ အမှတ်(၂)မြို့မတောင်စံပြကွက် ဦးပိုင်အမှတ် ၁၄ တောင်သူ ဦးဂျီအားမင်၏ စိုက်ခင်းအတွင်း CERPအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်က်ကွက်အား ယနေ့ နံနက် ၁ဝ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကလေးမှ ချင်းပြည်နယ်၊ တီအိုချောင်းခရီးစဉ်သို့ သွားရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ယာဉ်နောက်လိုက်ဖြစ်သူတွင် Positive ဖြစ်ပြီး ယာဉ်မောင်းတွင် Negative ဖြစ်ကြောင်း သိရသည်။
Subscribe to