မိုင်းယုမြို့၌ ဆုံဆို့နာကာကွယ်ဆေးအပါဝင် အမီလိုက်ကာကွယ်ဆေး(တတိယအကြိမ်) တိုက်ကျွေး/ထိုးနှံ

 

မိုင်းယု  နိုဝင်ဘာ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၁၅)နှစ်အောက် ကလေး ငယ်များကို ဆုံဆို့နာကာကွယ်ဆေးအပါဝင် အမီလိုက်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်၍ ပြည်သူ့ဆေးရုံ၌ (တတိယအကြိမ်)တိုက်ကျွေးထိုးနှံပေးနေလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို ၀မ်တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က ဦးဆောင်ကာ မိုင်းယုဒေသရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃)အုပ်စုအတွင်းမှ ကလေးငယ်များနှင့် ဌက်ပျောခြံ လုပ်သား မိသားစုဝင် ကလေးငယ်များအပါအဝင် အကြိမ်ပြည့်အောင် မထိုးလိုက်ရသည့် ကလေးငယ် အသက် တစ်နှစ်မှသုံးနှစ်၊ သုံးနှစ်မှ ခုနှစ်နှစ်နှင့် ခုနှစ်နှစ်မှ ဆယ့်ငါးနှစ်အောက်ဟု ခွဲခြားသတ်မှတ်ပြီး အဆိုပါ ဆေးရုံ၌ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိသည်။

ယင်း ဆေးတိုက်ကျွေး/ထိုးနှံကြသည့် ကလေးငယ်များကိုလည်း ဆုံဆို့နာကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်ရက်လျင် ရည်မှန်းပျမ်းမျှ ကလေး ငယ်ပေါင်း (၄၁)ဦးနှုန်းဖြင့် တိုက်ကျွေး/ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ မိုင်းယုဒေသတွင်းရှိ  ကလေး ငယ်ပေါင်း(၂၉၁)ဦးကို တိုက်ကျွေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)