စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များ ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးဆောင်ရွက်

ရွှေဘို နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် များကို Covid-19ရောဂါပိုး ရှိ/မရှိတစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုံး၊  Test Kit  ဖြင့်စစ် ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့ရှောင်လမ်းဂိတ်တွင် ဆောင်ရွက်ပေးခဲ့ ကြောင်း ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည် ။

ထို့သို့စစ်ဆေးပေးရခြင်းနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်တွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရေး အတွက်စစ်ဆေးလိုသော ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအနေဖြင့် တစ်ဦးလျှင်  ငွေကျပ်တစ်သောင်း ကောက်ခံ၍ စစ်ဆေးပေးပြီး ၎င်းရရှိငွေများအားလုံးကို နိုင်ငံတော် ရန်ပုံ ငွေသို့ ရငွေစာရင်းတွင် ပြန်လည်ပေးသွင်းမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်(၈) နာရီမှ (၁၁)နာရီအတွင်း ကုန်တင်ကား ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များ စုစုပေါင်း (၅၀)ဦးကို  test-kit စစ်ဆေးပေးနိုင်ခဲ့ကြောင်း၊  စစ်ဆေးပေးခဲ့ပြီး သူအားလုံးတွင်ရောဂါ ပိုးမတွေ့(Not Detected) အဖြေရကြောင်း ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာ‌ ရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေး ထံမှ သိရသည် ။

ထွန်းမြင့်အောင်(ရွှေဘို)