ကျီခါးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ကျီခါး နို၀င်ဘာ ၁၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌  ၂၀၁၉-၂၀၂၀ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို  စိုက်ပျိုး ရေးဦးစီးဌာနနှင့်  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်းပြီး  တောင်သူ ဦးလျန်ခန့်ခိုင်၊ ဦးထန်ဆွင်းငင့်နှင့် ဦးပေါင်လမ့်ကျင့်တို့၏ လယ်ဧက(၆)ဧကတွင်  ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စံကွက်ရိတ်သိမ်းခြင်း စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ၀န်ထမ်းများနှင့် စပါးစိုက်‌‌တောင်သူများ ပူးပေါင်းပြီးစိုက်နည်းစနစ် အလိုက်စိုက်ပျိုးထားသော ရွှေရင်အေးနှင့် ဧည့်မထမိုးစပါးစိုက်ကွက်အား စံကွက်အဖြစ် ရိတ်သိမ်း ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်ထက် အထွက်နှုန်း တိုးလာခဲ့ကြောင်း နှင့်စိုက်နည်းစနစ်အလိုက် SRIစိုက်ပျိုးနည်း စံပြကွက်နေရာတွင် တစ်ဧက လျှင် တင်း(၁၃၀)၊ ဓါတ်မြေဩဇာ အချိုးကျစံပြကွက် နေရာတွင် တစ်ဧကလျှင်(၇၈) တင်းနှင့် မိရိုးဖလာ စိုက်ပျိုးသည့် နေရာတွင် တစ်ဧက တင်း(၇၀)နှုန်းထွက်ရှိကြောင်း သိရသည်။

ကျီခါးမြို့တွင် တောင်သူများမှမိသားစုစား၀တ်နေရေး အထောက် အကူပြုစေရေးနှင့် ၀င်‌ငွေတိုးပွား‌စေ‌ရေး တို့အတွက် စိုက်ပျိုးရေးဦးစီး ဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့်မိုးစပါးများကို စိုက်ပျိုးထားလျက်ရှိကြောင်းနှင့် ကျီခါးမြို့တွင် မိုးစပါးစိုက်ပျိုးသည့်တောင်သူ(၅၀)ဦးနှင့် စပါးစိုက်ဧက(၁၃၂)ဧကရှိကြောင်း ကျီခါးမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။  

 ဆလိုင်းလိန်းမာန်(ပြန်/ဆက်)