ဘောဂလိမြို့  ဖြတ်လမ်းကူးကျေးရွာ၌ မျိုးကောင်းမျိုးသန့် မိုးစပါးဆင်းသုခ စံကွက်ရိတ်သိမ်း  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌  မိုးစပါးဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ်  (၁၅) ဧကတွင်  တတိယအကြိမ်  မျိုးကွဲပယ်ခြင်းနှင့်  စံကွက်ရိတ်သိမ်းခြင်းကို  ယမန်နေ့နံနက်ပိုင်းက  ဖြတ်လမ်းကူးကျေးရွာရှိ  တောင်သူဦးဝါးနေမူးအပါအဝင်  တောင်သူ(၈)ဦးပိုင်  လယ်မြေတွင်  ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။ တောင်သူဦးဝါးနေမူးအပါအဝင်  တောင်သူ (၈) ဦးပိုင် လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် (၁၅)  ဧကအား ရိတ်သိမ်းခဲ့ရာ  စပါးအစိုအထွက်နှုန်း  တစ်ဧကလျှင်  (၈၅ဒသမ၅၀)တင်းထွက်ရှိပြီး ဆင်းသုခမျိုးကောင်းမျိုးသန့်စပါးများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့်နှစ်မိုးစပါး စိုက် ပျိုးချိန်တွင် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ နှာခေါင်းစည်း(Mask) တစ်သောင်းခွဲလာရောက်လှူဒါန်း

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေး အသင်းမှ နှာခေါင်းစည်း(Mask) အခုရေတစ်သောင်းခွဲလာရောက်လှူဒါန်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကုသရေးဌာန (ဒဂုံတောင်ပိုင်း)သို့ ကရင်ပြည်နယ်မှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦး သွားရောက်တာဝန်ထမ်းဆောင်ရန်ထွက်ခွာ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် ကရင် ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြသည်။

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နိုင်ငံတော် အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော မိုးစပါး ဧရာမင်း ( FS – RS ) မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက် ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးအောင်မျိုး၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားရှိသော မိုးစပါး ဧရာမင်း (FS-RS) မျိုးစေ့ထုတ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အလှူငွေများနှင့် အာဟာရဖြစ် အစားအစာများလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အလှူငွေးများနှင့် အာဟာရဖြစ်အစားအစာများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်ဆည်နည်းပညာတက္ကသိုလ် Facility Quarantine သို့ အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်ယာရေးကော်မတီမှ လမ်းညွှန်မှုဖြင့် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဆောင်ရွက် လျက်ရှိသော အောင်ချမ်းသာရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး ရထားလမ်းဘေးရှိ ရေထွက်မြောင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားခြင်းအား ပြန်လည်ပြုပြင်နေခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် စက်မှုနည်းပညာရှင်များအသင်း(MATA)မှ မြို့နယ်ကြက်ခြေနီအသင်းသို့ လှုပ်ရှားနှာခေါင်းတို့ပတ်ယူ ယာဉ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုနည်းပညာရှင်များအသင်း (MATA)မှ အမရပူရမြို့နယ် ကြက်ခြေနီအသင်း၏ အထွေထွေသုံးယာဉ်တစ်စီးကို ကိုဗစ် - ၁၉ ရောဂါ တုံ့ပြန်ရေးအတွက် လှုပ်ရှားနှာခေါင်းတို့ပတ်ယူယာဉ်အဖြစ် တည်ဆောက်ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲကာလ၌အသုံးပြုခဲ့သောမဲရုံသုံးပစ္စည်းများလာရောက်အပ်နှံ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ်ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက်နေ့ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံလာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

 နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ANFREL Asian Network for Free Elections မှ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
Subscribe to