ကျောက်ဆည်မြို့တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit စနစ်ဖြင့် ကိုဗစ်ရောဂါ ပိုးကူးစက်မှု ရှိ/မရှိစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယနေ့ကိုဗစ်-၁၉ပိုးတွေ့လူနာ (၁)ဦးထပ်မံတွေ့ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး မြို့ရှောင်လမ်း ထိပ်တွင် အောက်တိုဘာလ(၁၁)ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းခဲ့သည့် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ယနေ့မော်တော် ယာဉ်(၉၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၁၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရမှု ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ ရှိကြောင်း သိရှိရသည်။