ဖျာပုံခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် SPORTS မဂ္ဂဇင်းများလှူဒါန်း

ဖျာပုံ  နိုဝင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ SPORTS မဂ္ဂဇင်း(၁၉)အုပ် ကို ယမန်နေ့ မွန်းလွဲ ၁ နာရီကလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ SPORTS မဂ္ဂဇင်းများ စာကြည့်တိုက်သို့ လှူဒါန်းရသည့် ရည်ရွယ်ချက်မှာ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာဖတ်ရှုနိုင်ရန်၊  မြန်မာနိုင်ငံသားတို့ ကျန်းမာကြံ့ခိုင်ပြီး ကာယခွန်အား၊ ဉာဏခွန်အားတို့ ပြည့်စုံသော လူမျိုးများဖြစ်မှ ကမ္ဘာ့အလယ်မှာ ဝင့်ထယ်မှာဖြစ်ကြောင်းနှင့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်  အားကစားနှင့်ပတ်သက်သည့် စိတ်ဓာတ်ခွန်အားပေးသည့် စာပေများ လူငယ်များဖတ်ရှုစေရန် ယခုလို လှူဒါန်းရခြင်း ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦး ကပြောကြားခဲ့သည်။

အဆိုပါ SPORTS မဂ္ဂဇင်းစာအုပ်ကို အားကစာနှင့်ကာယပညာ ဦးစီးဌာနက  ထုတ်ဝေပြီး တစ်အုပ်လျှင် ငွေကျပ် ၄၀၀၀ တန်ဖိုးရှိသည့် စာအုပ်(၁၉)အုပ်ကို လှူဒါန်းပေးရာ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

လှလှနွယ်(ခရိုင်ပြန်/ဆက်)