မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

နတ်မောက် နိုဝင်ဘာ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၅) မကွေးတိုင်းဒေသကြီးက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍရေးနှစ် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ပြုလုပ်ခဲ့ ကြ ကြောင်း သိရသည်။ 

အဆိုပါပန္နတင်မင်္ဂလာအခမ်းအနားတွင်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာ ခင်မောင်အေး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမော် တို့က သတ်မှတ်ထားသည့်နေရာအသီးသီးတွင် ပန္နက်ရိုက်ခဲ့ကြပြီး မြို့ပေါ်ရှိဌာန ဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖ များနှင့်လူမှုရေးအသင်းအဖွဲ့များက အခမ်း အနား သို့ တက်ရောက် ခဲ့ ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)