မြစ်သား နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၀နှစ်အောက် ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးအဖြစ် နွားနို့တိုက် ကျွေးခြင်းအစီအစဉ်အဖြစ် နို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့နယ်အတွင်းရှိ နေရှင်နယ် ပရဟိတဂေဟာနှင့် ပေတောပရဟိတဂေဟာများသို သွားရောက်တိုက်ကျွေးခဲ့ကြောင်းသိရသည်။
အသက် ၁၀ နှစ်အောက်ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း အစီအစဉ်အဖြစ် နေရှင်နယ် ပရဟိတဂေဟာရှိ ကလေး(၄၇)ဦး၊ ပေတောပရဟိတဂေဟာရှိကလေး(၅၇)ဦး စုစုပေါင်း (၁၀၄)ဦး တို့အား Mother Milk နို့ဘူးများကို ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အောက်တိုဘာ(၈)ရက်နေ့မှ စတင်ကာ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များ၌ ပုံမှန်တိုက်ကျွေးလျက်ရှိကြောင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက ်တစ်လှမ်းမှ အထောက်အကူပြုရန်တိုက်ကျွေးခြင်းဖြစ် ကြောင်းသိရသည်။
မြမြမွန် (ပြန်/ဆက်)