မိုင်းဆတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက ဝိန်းနေရပ်ကွက်ရှိ ကံ့ကော်မြိုင် ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်မြို့တွင် ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ခြင်းကြောင့် အသက်(၁)နှစ်မှ (၃)နှစ်ထိ၊ (၃)နှစ်မှ(၇)နှစ်ထိနှင့် အသက်(၇)နှစ်မှ(၁၅)နှစ်ထိ ကလေး(၅၄)ဦးကို အုပ်စု(၃)စုခွဲ၍ တတိယအကြိမ် ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက်(၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်(၅)ဦးအား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေးထည့်သွင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံဆို့နာကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ရပ်ကွက်/ကျေးရွာများမှ ကလေးငယ်များအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါ်မြဝင်းထံမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)