တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီကြသူများအား ထောက်ပံ့

တန့်ယန်း  နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက်  အလှူရှင်၊ စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ မြို့နယ်အတွက် ပါဝင်ကူညီနေကြသည့် စေတနာ့လုပ်အားရှင်များအား ယနေ့ နံနက်ပိုင်းက ပတ္တမြား(မိသားစု)မှ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် မြို့နယ်အတွက် ပါဝင်ကူညီဆောင်ရွက်နေကြသည့် စေတနာ့လုပ်အားရှင်များဖြစ်သည့် မြို့နယ်မီးသတ်ဦးစီးဌာနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် အခြေခံလူတန်းစား မိသားစုအချို့ကို ဦးမောင်မောင်+ဒေါ်ခင်လဲ့ ပတ္တမြား(မိသားစု)မှ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် စားသောက်ဖွယ်ရာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။                                                                      

မင်းလွင်ဦး(ပြန်/ဆက်)