မြိုင် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နိုင်ငံတော် အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ ထောက်ပံငွေများအား မြို့နယ်အတွင်း နယ်မြေဇုန်များခွဲ၍ သွားရောက်ထောက်ပံ ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုများလက်ဝယ်သို့မှန်မှန်ကန်ကန် အပြည့်အဝ ရောက်ရှိစေရေး အထူး ဆောင်ရွက်သွားရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က သက်ဆိုင်ရာ နယ်မြေဇုန်အလိုက် ခွဲဝေတာဝန် ပေးထားသောမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချူပ် ရေးမှူး များ ကို လမ်းညွှန်မှာကြားခဲ့သည်။
မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု တစ်စု လျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၂၃၅၃၈) စုအတွက် (၄၇၀၇၆၀၀၀၀)ကျပ်အား နိုင်ငံတော်မှ ထောက်ပံခြင်းဖြစ်ရာ အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများကသက်ဆိုင်ရာ နယ်မြေဇုန် အလိုက် ခွဲဝေတာဝန်ပေးထားသော အဖွဲ့ခေါင်းဆောင်များထံပေးအပ်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု များလက်ဝယ်သို့ အရောက် ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရ(ပုံတောင်)