မင်းလှ(အောက်) နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ်ပစ္စည်းများကို နိုဝင်ဘာ ၁၀ ရက်နေ့ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံလာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များကအ ထွေထွေရွေးကောက်ပွဲအတွက် ထုတ်ယူ ခဲ့သော မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်း(PPE ဝတ်စုံ) တို့အားစနစ်တကျလာ ရောက်အပ် နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက လက်ခံရယူလျက်ရှိကြောင်းသိရသည်။
ပေါက်စ မင်းလှ