ဟားခါးမြို့၌ ရိုးရာခေါင်ရည်အဖြစ် အဓိက ထုတ်လုပ်သည့် ဆန်၊စပါးထက် အာဟာရဓာတ် ပိုမိုမြင့်မားသည့် ဆပ်နီကို ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုး

ချင်းပြည်နယ်တောင်ပိုင်းတွင် ရိုးရာခေါင်ရည်အဖြစ်အဓိက ထုတ်လုပ်ပြီး ဆန်၊ စပါးထက် အာဟာရဓာတ် ပိုမိုမြင့်မားသည့် ဆပ်နီကို ဟားခါးမြို့၌ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးခဲ့ရာ ဟားခါးမြို့၏ ရေမြေ၊ရာသီဥတုနှင့်ကိုက်ညီမှု ရှိကြောင်း သိရှိရသည်။

(၃၂)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဌာနအတွင်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် အနွေးထည်များထောက်ပံ့

(၃၂)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အရာထမ်း၊အမှုထမ်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် အနွေးထည်များထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လယ်ဝေးမြို့နယ်တွင် CERP စီမံကိန်းဖြင့်ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ CERP စီမံကိန်းဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်(၈)နာရီက လယ်ဝေး မြို့နယ်အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(IHTDV) ခရမ်းကိုင်းတွင် ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။

ဇလွန်မြို့မ ဈေးသစ်အတွင်းရှိ စျေးရောင်း/ဈေးဝယ်သူများ Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့စဉ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ဇလွန်မြို့မ ဈေးသစ်အတွင်းရှိ စျေးရောင်း/ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ နေ့လယ်စာထမင်းဘူး(၁၀၀)လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်​နေ့က   ​နေ့လယ်စာအတွက်  ထမင်းဘူးများလာ​ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင် ရေး ကြပ်မတ် စစ်ဆေးအရေးယူဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာ အကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိ သည်။

အလုံမြို့နယ်  သံ​​ဝေလူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ်တစ်စီးလာရောက်လှူဒါန်း

အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရည်ရွယ်ကာ  ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံ​ဝေဂလူမှုကူညီရေး အသင်းသို့  ယနေ့၊ နံနက်ပိုင်းက  လူနာတင်ယာဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

စစ်ကိုင်းခရိုင် မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းသစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စည်ပင်သာယာ ရေး ကော်မတီမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံ ငွေဖြင့်မြောင်မြို့မြို့သစ်ရပ်ကွက်၊ အမှတ် (၅)လမ်း ကတ္တရာလမ်သစ် ခင်းခြင်း လုပ် ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေး ကော် မတီ ဥက္ကနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်က လုပ်ငန်းများအချိန်နှင့်အညီ ပြီးစီးစေရေး အတွက် ကြီးကြပ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်းသို့ သိန်း(၃၀)ကျပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသွားအလာကန့်သတ် (Facility Quarantine) ထားရှိသူများ၊ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဘိုကလေးကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါး ကုသခံယူနေသူများအား နေ့စဉ် ထမင်း၊ဟင်း ချက်ပြုတ်ပေးပို့လျက်ရှိသည့် သုခဝေဖြာပရဟိတ ဖောင်ဒေးရှင်းသို့ ယမန်နေ့ ညနေ(၅) နာရီခန့်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အလှူငွေ သိန်း(၃၀)ကျပ်အား‌ လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် ထိုင်ဝမ် သကြားပြောင်းစိုက်ပျိုးလုပ်ကိုင်သူများ အမြတ် ငွေပိုမိုရရှိ

မိရိုးဖလာတောင်သူလယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုး လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ကျေးရွာရှိတောင်သူအချို့မှာ နှစ်စဉ်ရောင်းချရပြီးဈေးကွက်ရရှိနေသည့် ထိုင်ဝမ်သကြား ပြောင်းဖူး ပင်များ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်းသိရှိရသည်။
Subscribe to