မန္တလေး၊ နိုဝင်ဘာ ၁၀
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေး အသင်းမှ နှာခေါင်းစည်း(Mask) အခုရေတစ်သောင်းခွဲလာရောက်လှူဒါန်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှက အဖွင့်အမှာစကားပြောကြားပြီး ကိုးကန့် လူမှုဖွံ့ဖြိုးရေးအသင်းတာဝန်ခံ ဦးကျော်လွင်က လှူဒါန်းရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ထို့နောက် ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းတာဝန်ခံ ဦးကျော်လွင်နှင့်တာဝန်ရှိသူများက KN-95 Mask (၅၀၀၀) ခု နှင့် 2-3 Layer Mask (၁၀၀၀၀)ခု စုစုပေါင်း နှာခေါင်းစည်း (Mask) အခုရေတစ်သောင်းခွဲအားပေးအပ်လှူဒါန်းရာ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။
လှူဒါန်းပွဲသို့ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အဆိုပါ နှာခေါင်းစည်း(Mask)များအား မန္တလေးမြို့ရှိ အသွားအလာကန့် သတ်ထားသော (Quarantine) စင်တာများသို့ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)