ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အလှူငွေများနှင့် အာဟာရဖြစ် အစားအစာများလှူဒါန်း

​ကျောက်ဆည်၊ နိုင်ဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ကျန်းမာရေးသုံးပစ္စည်းများ၊ အလှူငွေးများနှင့် အာဟာရဖြစ်အစားအစာများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်ဆည်နည်းပညာတက္ကသိုလ် Facility Quarantine သို့ အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းရာတွင် နံနက်စာအာဟာရအဖြစ် ကျောက်ဆည်နည်းပညာတက္ကသိုလ် Facility Quarantine ဝင်ရောက်နေသူ များနှင့် တာဝန်ကျဝန်ထမ်းများအတွက် ကြက်သားမုန့်တီ (၁၁၂) ဘူးအား အလှူရှင် ဦးမြတ်သင်းနိုင်+ဒေါ်ဥမ္မာချော (ခေတ်သစ်ကဖေးမိသားစု) အောက်ချိုင်းရပ်ကွက်တို့က လှူဒါန်းခဲ့ပြီး ကျောက်ဆည် အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးသို့ ငွေကျပ်(၄၆၅၀၀၀)တန်ဖိုးရှိ Oxygen Concentrator (၁)လုံးအား အလှူရှင် ဦးစိုးညွှန့်+ဒေါ်ခင်စောစော (မိသားစု)၊ ကြက်မင်းတွန်ရပ်ကွက်နှင့် N95 နှာခေါင်းစည်းများဝယ်ယူရန်အတွက် ငွေကျပ်(၁)သိန်းအား အလှူရှင် ဒေါက်တာနွယ်နွယ်ထွန်း(မေ့ဆေးအထူးကုဆရာဝန်ကြီး)မိသားစုတို့မှ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသူ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၄)ဦး၊ စုစုပေါင်း(၁၅)ဦးရှိပြီး ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူ (၁၁၂)ဦးရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)