ဘောဂလိ၊ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မိုးစပါးဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် (၁၅) ဧကတွင် တတိယအကြိမ် မျိုးကွဲပယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖြတ်လမ်းကူးကျေးရွာရှိ တောင်သူဦးဝါးနေမူးအပါအဝင် တောင်သူ(၈)ဦးပိုင် လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ တောင်သူဦးဝါးနေမူးအပါအဝင် တောင်သူ (၈) ဦးပိုင် လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် (၁၅) ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစိုအထွက်နှုန်း တစ်ဧကလျှင် (၈၅ဒသမ၅၀)တင်းထွက်ရှိပြီး ဆင်းသုခမျိုးကောင်းမျိုးသန့်စပါးများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့်နှစ်မိုးစပါး စိုက် ပျိုးချိန်တွင် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
အဆိုပါ ဆင်းသုခမျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ဘောဂလိမြို့ စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)