ကျိုက်လတ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ်  နိုဝင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ယခုရာသီသည် ဘုံကထိန်ပွဲများကျင်းပသည့် ရာသီဖြစ်သဖြင့် ကထိန်ပွဲ ကျင်းပမည်ဆိုပါက ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ မိမိတို့မြို့နယ်၏ မြို့ဝင်ဂိတ်များတွင် ကုန်တင်ကားများမှ ယာဉ်မောင်းများအား အခြားဂိတ်များတွင် စစ်ဆေးခြင်းမရှိခဲ့ပါက (RDT)Test ဖြင့်  စမ်းသပ် စစ်ဆေးပေးနိုင်ရေး၊ Quarantine Centre များတွင် ပေါင်းစပ်ဆောင်ရွက်ပေးရေး တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေလုပ်ငန်းကော်မတီ ဘဏ္ဍာရေးမှူး ဦးစိုးနိုင်က ဘဏ္ဍာငွေ ရရှိမှု၊ သုံးစွဲမှုနှင့် ကျန်ရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်း၍၊ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)