မြင်းခြံမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

မြင်းခြံ  နိုဝင်ဘာ  ၁၁

မြင်းခြံမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က အမှားစကားပြောကြားခဲ့ပြီး စတုတ္ထအကြိမ် ထောက်ပံ့ငွေများ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ကြီးကြပ်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ပေးအပ်ခဲ့ကြသည်။

မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား အိမ်ထောင်စု(၄၉၅၅၅) အတွက် တစ်အိမ် ထောင်စုလျှင် ကျပ်(၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၉၉၁၁၀၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကြီးကြပ်မည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။                                                   

ကျော်စွာ(မြင်းခြံ)