နွားထိုးကြီးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တို့အတွက် ထောက်ပံ့ငွေများ ပေးအပ်

နွားထိုးကြီး ၊ နိုဝင်ဘာ ၁၁

နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား  နိုင်ငံတော်အစိုရမှ  အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ငြိမ်းက နိုင်ငံ တော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိကျမှန်ကန်မှုရှိစေရန်နှင့် အလွဲသုံးစား မှုများမဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလောအဆင်ပြေစေရေးအတွက်အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ရပ်ကွက်၊ကျေးရွာ အုပ်စု (၇၂) အုပ်စုမှ အိမ်ထောင်စု (၃၀၁၄၇) စုတို့အတွက် ငွေကျပ်သိန်းပေါင်း (၆၀၂၉၄၀၀၀၀) ကိုဌာနဆိုင်ရာ အကြီူအကဲများထံ လွဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများသို့သွားရောက်ပြီး ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ငွေများကို ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သန်းအောင်ဇော်