သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိအခြေခံလူတန်းစားများ အတွက်တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀၀)အားစတုတ္တအကြိမ်ထာက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကိုယနေ့၊ နေ့လယ် (၁၂:၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါထောက်ပံ့ငွေများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (၃၈)ရပ်ကွက်မှအိမ်ထောင်စု(၁၈၈၉၁) အတွက် တစ်အိမ်ထောင်လျှင် (၄၀၀၀၀)နှုန်းဖြင့်ထောက်ပံ့ ငွေစုစုပေါင်း(၇၅၅၆၄၀၀၀၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်မှရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံသို့ပေးအပ်ခဲ့ပြီးရပ်/ကျေးများမှ တစ်ဆင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်းသိရှိ ရသည်။
ထူးထက်(ပြန်/ဆက်)