ညောင်လေးပင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှရပ်ကွက်နေ ပြည်သူများအား ကိုဗစ်၁၉ကပ်ရောဂါဘေး အပါအဝင်သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းက ညောင်လေးပင်မြို့မြို့မဈေးနှင့်မြို့မ(၄)ရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ပန်းအိခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာပြီး၊ပါးစပ်နှာခေါင်းစည်းများနှင့် လေပြင်းဘေးအသိပညာပေးစာစောင်၊ ငလျင်ဘေးပညာပေးစာစောင်၊ လျှပ်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းပညာပေး စာစောင်နှင့်ရေဘေးပညာပေးစာစောင်လက်ကမ်းလေးမျိုးကိုဖြန့်ဝေပေးခဲ့ကြသည်။
သက်လွင်(ညောင်လေးပင်)