ဆီဆိုင် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်)ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာလွင်နှင့် အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်တို့က အောင်ချမ်းသာရပ်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၅၀၀)ဦးခန့်အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၂၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)