လက်ပံတန်း. နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရန်အတွက် လာရောက်ခဲ့သည့် အာရှကွန်ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့နှင့်ထိတွေ့သူများအား ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ RDT ဖြင့်ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုသူများနှင့် ထိတွေ့ခဲ့သော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်များ၊ မြို့မရပ်ကွက် ကော်မရှင်ရုံးမှအဖွဲ့ဝင်များ၊ Royal Pine Hill Hotel တွင်ထိတွေ့သူများ စုစုပေါင်း ၂၅ဦးအား RDT ဖြင့်ကိုဗစ်-၁၉ပိုးရှိမရှိစစ်ဆေးခဲ့ရာ စစ်ဆေးသူအားလုံး ပိုးမတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ဝင့်နန္ဒာဌေး