ရှမ်းရွာသစ် ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာ အုပ်စုရှိ ထီးပါးရက်ကျေးရွာတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ထီးပါးရက် ကျေးရွာရှိ ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး အသိရှိစေရန် အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ပိုလီယို အကြော သေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)
ဖုန်း - ၀၉၆၆၂၁၆၇၁၃၀