ရေဖြူ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေး စခန်းဝင်ရောက်နေသူများအတွက် အလှူရှင်များက ထမင်းထုပ်များ လာရောက် လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းရာတွင် ဒီဇင်ဘာ ၉ ရက်နေ့က ရန်ကင်းတောင်ကျောင်းနှင့် ရွှေအရသာစားသောက်ဆိုင်မိသားစုကလည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရေဖြူမြို့နှင့် ကလိန်အောင်မြို့စည်ပင် သာယာရေးကော်မတီနှင့်ဝန်ထမ်းများက လည်းကောင်း ထမင်းထုပ်များ လာရောက်လှူဒါန်းကြရာ Quarantine Centre ရှိ နေထိုင်သူများနှင့်စေတနာ့ဝန်ထမ်း တို့က လက်ခံရယူခဲ့ကြောင်းသိရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ အသွားအလာစောင့်ကြည့်ရေးစင်တာ(၂)ခုတွင် အမျိုးသား (၆၅)ဦးနှင့် အမျိုးသမီး (၄၇)ဦး၊ပေါင် (၁၁၂)ဦးရှိပြီး ဒေသခံပြည်သူ စေတနာရှင်များက စားသောက် စရာများ၊ရေသန့် တို့ကို့ လာရောက်လှူဒါန်းကြကြောင်း Quarantine Centre တာဝန်ခံ ဦးအောင်စိုးထံမှ သိရသည်။
ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)