လောင်းလုံး ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို စစ်ဆေးဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ် ဦးစီးမှူး၊ ၊ ဦးမျိုးဇော်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ပြင်ပတွင် ရောင်းချနေသော သောစက်သုံးဆီဆိုင်များအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ စစ်ဆေးဆောင်ရွက် ခဲ့ပြီး မီးချိတ် မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေးဆောင် ွက်ခဲ့ပြီး စျေးသူစျေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများ ပြသဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သိန်းသိန်း( ပြန်/ဆက်)