သရက်ကုန်းကျေးရွာမှ Positive လူနာများနှင့် ထိတွေ့သူများကို ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိ

 

နောင်ချို ဒီဇင်ဘာ ၁၀

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အနံ့ပျောက်သွားသူအမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းနှင့်ထိတွေ့ဆပ်စပ်သူ(၂၇)ဦးအား ကံကြီး ကျေးရွာ အထကQuarantine Centre၌ Quarantine ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့မိသူများအား ပထမအကြိမ် Swabယူ၍ စစ်ဆေးခဲ့ရာ Quarantine Centre ဝင်ရောက်နေသော ထိတွေ့သူများအားလုံး၌ ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ယနေ့ထိ ပိုးတွေ့လူနာ(၈)ဦးထိရှိလာပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများအားအချိန်မီ ထိန်းသိမ်းကာ သက်ဆိုင်ရာQuarantine Centreများ၌ ထားရှိ၍ လိုအပ် သော ဆေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)