လှိုင်မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးကော်မတီသို့ ကွယ်လွန်သူအား ရည်စူး၍ အလှူငွေကျပ်သိန်းနှစ်ဆယ်လာရောက် လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အမှတ်(၁)ရပ်ကွက်နေ ကွယ်လွန်သူ ဖခင်ကြီး (ဦးသောင်း) မိခင်ကြီး(ဒေါ်စိန်ရီ)တို့အားအမှူး ထား၍ကွယ်လွန်သူ ဦးအောင်မြတ်စိုး (ခ) ဦးဖိုးအော် (၃)လ ပြည့်အလှူအဖြစ်လှိုင်မြို့နယ်ကိုဗစ်-၁၉- အရေးပေါ် ကာကွယ် ထိန်းချုပ် တုံ့ပြန်ရေး ကော်မတီသို့ကျန်ရစ်သူမိသားစုများမှအလှူငွေ ကျပ်သိန်း (၂၀,၀၀၀၀၀)၊ သိန်းနှစ်ဆယ် ကျပ် တိတိအားမိသားစုဝင်ဦးအောင်ကျော်စိုးမှလာရောက် လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းငွေအား ယမန်နေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် လှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မိသားစုဝင်များက လာရောက်လှူဒါန်းခဲ့ကြရာ ကိုဗစ်-၁၉ ကော်မတီဝင်များ ကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သက်ဝင်းတို့က လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းအား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)