ပြင်ဦးလွင်မြို့တွင် ဆိုင်ခန်းများစနစ်တကျရောင်းချစေရေးကြီးကြပ်စစ်ဆေး

ပြင်ဦးလွင် ဒီဇင်ဘာ ၁၁

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ ဘူတာဈေး ဧရိယာအတွင်းဈေးဆိုင်များရောင်းချမှုစနစ်တကျရှိစေရန် ယမန်နေ့ မွန်းလွဲ ၂ နာရီ၅၅ ခန့်တွင် စည်ပင်စည်း/ထိန်းဦးဆောင်သောအဖွဲ့မှစစ်ဆေးခဲ့ကြသည်။

ရပ်ကွက်ကြီး(၇)ဘူတာစျေးဧရိယာ အတွင်းရှိ စျေးဆိုင်များ၊ အထည်ဆိုင်နှင့် ကွမ်းယာဆိုင်များအ‌နေဖြင့် စျေးအတွင်း ဖြတ်သန်းသွားလာသော လမ်းသွားလမ်းလာများ အနှောင့်အယှက်မဖြစ်စေရေးအတွက် ဆိုင်ခန်းများအား စနစ်တကျခင်းကျင်းရောင်းချရေး၊ လမ်းဧရိယာပေါ်ထိမ‌ရောက် ရှိစေရေး စည်ပင် စည်း/ထိန်း အရာရှိ ဦးဇော်ဦးလွင်၊ အင်ဂျင်နီယာ ဦးဟံဝင်းအောင်၊ စည်း/ထိန်း-၃ဦးတင်စိုး၊ စည်း/ထိန်း-၅ဦးထွေး တို့မှ ပူးပေါင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 

အဆိုပါ ဆောင်ရွက်မှုအား မီးရထားရုံပိုင်ကြီး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဈေးတာဝန်ခံတို့မှ ပူးပေါင်းပါဝင်ခဲ့ပါကြောင်း သိရသည်။

မြတ်ဆုမွန်