လှိုင်းဘွဲ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်အမှတ်အဖြစ် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ သုံးထောင့်လမ်းစုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံကျန်မာရေးမှူး အသင်းတို့ ပူးပေါင်း၍ “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (၂၀၂၀)အတွက် ဆောင်ပုဒ်ဖြစ်သော ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူ များအား ဂုဏ်ပြုသောအားဖြင့် သုံးထောင့်လမ်းစုံတွင် လမ်းသွား/လမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေခြင်း၊ Hand Gel ဖြန့်ဝေခြင်း၊ မသန်စွမ်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)