မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ‌‌ရွေးချယ်ခြင်း

မိုးညို ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သာယာကုန်း ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦး၀င်းကိုမှ အဖွင့်အမှာ စကား ပြောကြားပြီး မိုးညိုမြို့နယ်၊‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌‌ရေး ဦးစီးဌာန၀န်ထမ်းများနှင့် မြို့နယ် မြစိမ်းရောင်စီမံကိန်း ကော်မတီ၀င်များမှ ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ရွေးချယ် ထားသော ကျေးရွာမြစိမ်းရောင် ကော်မတီ၀င်(၇)ဦးအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)