မိုးညို ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ကို ဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
မြို့နယ်အတွင်း လူအသွားအလာများ သောနေရာများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ မြို့နယ်စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပတ်၀န်းကျင်ရှိ လမ်းဆုံများ၌ မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာကြသူများ ၊ ရပ်ကွက်/ကျေးရွာများမှ ဈေးရောင်း၊ ဈေး၀ယ် လာရောက်ကြသူများအား Mask ကို စနစ်တကျ တပ်ဆင်သွားလာကြစေရန် Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော် ဦးဆောင်သည့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော် မတီ၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များ စုပေါင်း၍ Mask 1000 ခု၊ Face Shield 200 ခုနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)