အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၄၆) ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂) သို့ ပို့ဆောင်

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၉၂)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၁)သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော အင်းစိန် မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်မှ(၂၂)ဦး၊ မြို့သစ်(က+ခ)ရပ်ကွက်မှ(၁၇)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ (၁၄)ရပ်ကွက်၊ ဖော့ကန်ရပ်ကွက်မှ(၁၂)ဦး၊ နံ့သာကုန်းရပ်ကွက်မှ(၉)ဦး၊ အောင်ဆန်း ရပ်ကွက်မှ (၅)ဦး၊ တောင်သူကုန်းရပ်ကွက်မှ(၃)ဦး၊ ရွာမအနောက်ရပ်ကွက်မှ(၃)ဦး၊ ပိန္နဲကုန်း ရပ်ကွက်မှ (၃)ဦး၊ ကွက်သစ် ရပ်ကွက်မှ(၂)ဦးနှင့် မြို့သစ်(ဂ)ရပ်ကွက်မှ(၂)ဦး စုစုပေါင်း (၉၂)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ပရဟိတ အဖွဲ့များ နှင့် လူမှုကူညီရေး အသင်းများမှ  တာဝန်ရှိ သူများက သက်ဆိုင် ရာ Quarantine Center သို့ အသီးသီး ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့်ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)