ကော့ကရိတ်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ် ဝန်ထမ်းများနှင့် ပရိဟတများကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်​​လေးနေရာ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင်အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် က တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ယဉ်ကျေးမှုတက္ကသိုလ်တွင်ကိုဗစ်-၁၉ ​ရောဂါကုသရေး စင်တာဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ​မြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် ၂၆ ရပ်ကွက်ရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာဖွင့််လှစ်နိုင်ရေးပြင်ဆင်ထားမှုများအား ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယမန်နေ နေ့လယ် ၁ နာရီကစ၍ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ရှိ ဘိုး/ဘွားများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ဝန်ထမ်းများနှင့် ဈေးသည်များအား သြဂုတ် ၁ ရက် က သတ်မှတ်စုရပ် ၅ နေရာ၌ တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတောင်ကြီးမြို့ပေါ်ရှိစာသင် တိုက်(၄)တိုက်အားဆွမ်းဆန်တော်လှူဒါန်း

 ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး          ဗိုလ်ချုပ်နီလင်းအောင်၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ သည် ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သော တပ်ဦး ဥတ္တရရုံ စာသင် တိုက်၊ရှမ်းပိဋကတ်စာသင်တိုက်၊ ဓမ္မသုခစာသင်တိုက်၊ရတနာပုံအောင်သုခစာသင်တိုက်သို့ ဆွမ်းဆန် တော်များ လှူဒါန်းပေးကြကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် အသက် ၆၅နှစ် အထက် ရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင် စုရပ်အဖြစ် သတ်မှတ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၆၅ နှစ် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၌ ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများနှင့် စေတနာ့ ၀န်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဖယ်ခုံ မြို့နယ် ခန်းမနှင့် မိုးဗြဲအမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

‌ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ကနောင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

န်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်၊ဆိပ်ကမ်းမြို့နယ်၊ကနောင်ခန်းမ၌(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများနှင့် ကျန်းမာရေးလုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်နေသည့် စေတနာရှင်volunteer များကို ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရသည်။

တပ်ကုန်းမြို့နယ် ကာကွယ်ဆေးထိုးနေရာသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လာရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Subscribe to