ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတောင်ကြီးမြို့ပေါ်ရှိစာသင် တိုက်(၄)တိုက်အားဆွမ်းဆန်တော်လှူဒါန်း

တောင်ကြီး     သြဂုတ်    ၂

 ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး          ဗိုလ်ချုပ်နီလင်းအောင်၊ပြည်နယ်ဥပဒေချုပ် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ သည် ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သော တပ်ဦး ဥတ္တရရုံ စာသင် တိုက်၊ရှမ်းပိဋကတ်စာသင်တိုက်၊ ဓမ္မသုခစာသင်တိုက်၊ရတနာပုံအောင်သုခစာသင်တိုက်သို့ ဆွမ်းဆန် တော်များ လှူဒါန်းပေးကြကြောင်းသိရသည်။

အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်(၅၄)တိုက်ရှိ သံဃာ(၃၇၀၈)ပါး၊သီလရှင် (၄၅၉)ပါး အတွက်ဆွမ်းဆန်တော်အိတ်(၁၃၉၀) အိတ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး)