ကော့ကရိတ် သြဂုတ် ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ် ဝန်ထမ်းများနှင့် ပရိဟတများကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်လေးနေရာ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာ စုရပ်များဖြစ်သည့် အမှတ် (၃)ရပ် ကွက်ရှိ အမက (၁) ကျောင်း၊ အမှတ် (၆)ရပ် ကွက်ရှိ ဇိနသုခ ဘုရားဝန်းဓမ္မာရုံနှင့် အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းတို့၌ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် - ၁၉ရောဂါကာကွယ် ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆရာတော်၊ သံဃာတော်များ၊ သီလရှင် (၃၅)ပါး၊ အသက် (၆၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွား (၈၆)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၄၆)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၇) ဦးနှင့် ပရိဟတ (၂၆)ဦး စုစုပေါင်း (၂၀၀)ဦးတို့အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံမည့် သက်ကြီးဘိုးဘွားများအား ကြိုပို့ ခြင်းနှင့် အခြားလိုအပ်သော ပံ့ပိုးကူညီမှုများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)