မြစ်သားမြို့နယ်တွင် အသက် ၆၅နှစ် အထက် ရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး

မြစ်သား   သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင် စုရပ်အဖြစ် သတ်မှတ်၍  ယမန်နေ့မွန်းလွဲ()နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၆၅ နှစ် အထက်ရှိသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြစ်သားမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ့ရှင်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့()ဖွဲ့ခွဲကာ အသက် ၆၅ နှစ်အထက် ရှိသူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ကာ ပုံမှန်အနေအထား ရောက်ရှိမှ သာလျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး မိနစ်(၃၀)ခန့် အနားယူခြင်းများ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

ယခုထိုးနှံပေးသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm  အမျိုးအစားဖြစ်ပြီး မြစ်သားမြို့နယ်အနေဖြင့် ကာကွယ်ဆေးအလုံးရေ (၈၀၀)ရရှိ၍  လူဦးရေ ၁၆၀၀ ဦး ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း၊ ဇူလိုင်(၃၁)ရက်နေ့မှယနေ့အထိ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက် ပြည်သူ(၁၅၀)ဦး၊ ဆေးအလုံးရေ (၇၅)လုံးထိုးနှံပေးပြီး ဖြစ်ကြောင်း အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို သြဂုတ်လ ()ရက် နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ထံမှ သိရသည်။

မြမြမွန်(မြစ်သား)