မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)စတင်ထိုးနှံ

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ တို့၌ကိုဗစ်-၁၉ရော ဂါကာကွယ်ရေး လမ်းညွှန်ချက် များ နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးမည်ဖြစ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။

ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm  (Vero Cell) ထိုးနှံခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ယမန်နေ့နံနက် ၁၁ နာရီ ၄၀ မိနစ်က စတင်၍ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေး ဝန်ထမ်းမိသားစုမှ အလှူငွေများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်(COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

လယ်ဝေးမြို့ အ.ထ.က(၁)တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးလာရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုများအား ကြည့်ရှုအားပေး

ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် (၆)ဦးဆေးရုံဆင်းခွင့်ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၃၁ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၉) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။   

ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးနားနေဆောင်တွင် ယမန်နေ့ ‌ညနေ ‌၅ နာရီ အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၆၁) ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ် ပြန်ပြည်သူ (၆၁)ဦးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။
Subscribe to