ဖယ်ခုံမြို့နယ်၌ ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ဖယ်ခုံ     သြဂုတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများနှင့် စေတနာ့ ၀န်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဖယ်ခုံမြို့နယ်ခန်းမနှင့် မိုးဗြဲအမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၈ နာရီမှ စတင် ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

ဖယ်ခုံမြို့ပေါ်ရှိ ဟိန်ဓမ္မရပ်ကွက်၊ နန်းဟူးရပ်ကွက်နှင့် မြို့ကုန်းရပ်ကွက်တို့မှ အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ စေတနာ့၀န်ထမ်းများကို  မြို့နယ်ခန်းမတွင်လည်းကောင်း၊ မိုးဗြဲ ကျေးရွာအုပ်စုရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို  အမှတ်(၁၀) အခြေခံပညာ မူလတန်း ကျောင်းတွင်လည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်း Covid-19 ရောဂါပိုးများ ကူးစက်ပြန်ပွားမှုမှ ထိန်းချုပ်၊ ကာကွယ်ရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများကို ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊  ယမန်နေ့က အသက် ၆၅ နှစ်အထက်ဘိုးဘွား ၆၀၀ ဦးနှင့် စေတနာ့၀န်ထမ်း ၇၀ ဦးစုစုပေါင်း လူဦးရေ ၆၇၀ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးရန်လာသူများအား  ကိုယ်ပူချိန်တိုင်းခြင်း၊ Mask ပေးဝေခြင်း၊  စာရင်း ကောက်ယူခြင်း၊ စောင့်ဆိုင်းရန်စီစဉ်ပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးခြင်း၊ ဆေးထိုးပြီး နာရီ၀က်စောင့်ဆိုင်းစဉ် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ဆေးထိုးရန်ကျန်ရှိသော ဘိုးဘွားများ၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေးကျောင်းများရှိ ပုဂ္ဂိုလ်များ၊ ကျန်းမာရေး၀န်ထ်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံ၀န်ထမ်း များ၊ ပုဂ္ဂလိက ၀န်ထမ်းများ၊ ဈေးသည်များ၊ အချုပ်သားများ၊ ယာဉ်မောင်း/ယာဉ်နောက်လိုက် များနှင့် ပြည်သူလူထုများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)