တောင်ကြီး သြဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် က တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံနှင့်မြို့တော်ခန်းမတွင် စုရပ် အဖြစ် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
စဝ်စံထွန်းဆေးရုံစုရပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နေရာတွင် စဝ်စံထွန်းရပ်ကွက်၊ မင်္ဂလာဦး ရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဘုရားဖြူ ရပ်ကွက်၊ ပန်းတင်ကျေးရွာအုပ်စု၊ ဖက်ကွန်ကျေးရွာအုပ်စု တို့ မှ လာရောက်၍ ကာကွယ်ဆေးများလာရောက် ထိုးနှံလျက်ရှိကြောင်းနှင့် မြို့တော်ခန်းမသို့စုရပ်တွင် ကန်အောက်ရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဟော်ကုန်ရပ်ကွက်၊စိန်ပန်းရပ်ကွက်၊ ကံသာရပ်ကွက်၊ မြို့မရပ်ကွက်၊ သစ်တော ရပ်ကွက်၊ချမ်းသာရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ ကံကြီးရပ်ကွက်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နမ့်ဆီးကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာအုပ်စု၊ ဖာမွန်းကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာအုပ်စု အသက် ၆၅ နှစ်အထက် အဘိုးအဘွားတို့က လာရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)