ဒဂုံဆိပ်ကမ်း ဩဂုတ် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်၊ဆိပ်ကမ်းမြို့နယ်၊ကနောင်ခန်းမ၌(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများနှင့် ကျန်းမာရေးလုပ်ငန်းများတွင်ပါ၀င်ဆောင်ရွက်နေသည့် စေတနာရှင်volunteer များကို ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးသည့်ကနောင်ခန်းမတွင် စုစုပေါင်း(၁၂၆)ဦးကို ကာကွယ်ဆေး ထိုးပေး ခဲ့ပြီး တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှစိုးနှင့်အဖွဲ့၀င်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့၀င် များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းတွင် (၆၅)နှစ်နဲ့အထက်အဘိုး/အဘွားများကိုသြဂုတ်(၂)ရက်နေ့မှစတင်၍မြို့နယ် ပြည်သူ့ဆေးရုံ၊(၉၃)ရပ်ကွက် ဒေသန္တဆေးခန်း၊ ဧရာ၀ဏ် ဒေသန္တဆေးခန်း(၃) နေရာခွဲ၍ ဆက်လက်ကိုဗစ် ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)