ဒဂုံတောင် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် ၂၆ ရပ်ကွက်ရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာဖွင့််လှစ်နိုင်ရေးပြင်ဆင်ထားမှုများအား ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသိုကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂၆) ရပ်ကွက်ယဉ်ကျေးမှုတက္ကသိုလ်ရှိ ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ရောဂါကုသရေး စင်တာဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိ သူများနှင့် တွေဆုံဆွေးနွေးခဲ့ကြောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)