ပေါက်တော ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရေး အတွက် အောက်ဆီဂျင်စက်ရုံကို ပေါက်တောမြို့အနောက်ပိုင်းရပ်ကွက် လောကထိပ်ပန်ဘုရားကြီးရင်ပြင်ရှေ့ မြေကွက်တွင်-၂၀၂၁-ခု ဇူလိုင်လ-၂၅ရက်နေ့ မှစတင်၍ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းနှင့် Oxygen Plantဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံမှသိရှိရသည်။
အဆိုပါတည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှာအလျား (၅၅)ပေ အနံ(၂၅)ပေ အမြင့် (၁၃)ပေရှိသောSteel Structure အဆောက်အဦ အမျိုးအစားဖြစ်ပြီးစက်ရုံ၏ ဆက်စပ်ပစ္စည်း အောက်ဆီဂျင် (၄၀)လီတာဆန့် ဆလင်တာ အိုးအလုံး(၁၀၀)၊ စွမ်းအား(၁၀၀)ကီလိုဝပ် မီးစက်(၁)လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများအတွက် စေတနာရှင်အလှူရှင်များမှ ယနေ့ထိ လှူဒါန်းရရှိမှုငွေကျပ်သိန်း(တစ်ထောင်လေးရာ)ခန့်ကို လက်ခံရယူလျက်ရှိသည်ကို သိရှိရပြီး၊ အောက်ဆီဂျင်ဆလင်ဒါအိုးများ ပေါက်တောမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
စက်ရုံတည်ဆောက်ပြီးစီးလျှင်အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏ (၄၀)လီတာဆန့်ဆလင်ဒါ တစ်နေ့လျင်(၆၀)အိုးမှ (၉၀)အိုးထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းကို ဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအထောက်အကူပြုလုပ်ငန်းနှင့်Oxygen Plant ဖြစ်မြောက်ရေးကော်မတီများ ထံမှသိရှိရ သည်။
ကျော်သန်း(ပြန်/ဆက်)