ဘူးသီးတောင် သြဂုတ် ၂၀
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့၌ သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက ဘူးသီးတောင်မြို့မှာဘင်္ဂလားပင်လယ်အော်နှင့် နီးစပ်သည့်ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းမိုးကြီးခြင်း၊မုန်တိုင်းဘေး အန္တရာယ်များကြောင့်နေအိမ်/အဆောက်အဦများပျက်စီးခြင်း၊လမ်း/တံတားများပျက်စီးခြင်း၊ရေကြီရေလျှံခြင်းကြောင့်နေအိမ်များရေထဲမျောပါပျက်စီးခြင်းနှင့်ကျွဲ/နွားတိရိစ္ဆာများ ထိခိုက် သေဆုံးခြင်း၊သီးနှံများပျက်စီးဆုံးရှုံးမှုများဖြစ်ခြင်းကြောင့် သဘာ၀ဘေးအန္တရာယ်များအားကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့်သဘာ၀ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကြီးကြပ်မှုကော်မတီ နှင့်ဆပ်ကော်မတီများဖွဲ့စည်းထားပါကြောင်း၊သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မိမိတို့ကော်မတီဝင်များအလိုက် စနစ်တကျကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ NGO/INGOsအဖွဲ့အစည်းများ နှင့်ချိတ်ဆက်ပူးပေါင်းကာ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးနှင့်အချိန်နှင့် တပြေးညီ အထိရောက်ဆုံး ကာကွယ်တာဆီးနိုင်ရေးအစွမ်းကုန်အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်အခမ်းအနားတက်ရောက် လာသည့်ကော်မတီဝင်များမှလိုအပ်သည်များကိုဆွေးနွေးရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြအခမ်းအနားကိုသြဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်